Home » , » ကွန်ပျူတာတွေမှာ Task Manager အဖြစ်အသုံးပြုနိုင်မဲ့ software (procexp)

ကွန်ပျူတာတွေမှာ Task Manager အဖြစ်အသုံးပြုနိုင်မဲ့ software (procexp)


ကျွန်တော်တို့အသုံးပြုနေတဲ့computerတွေမှာကိုယ်က အလုပ်တစ်ခုကိုလုပ်နေပဲလည်းနောက်ကွယ်ကနေ Run နေတဲ့ application တွေရှိနေတတ်မြဲပါပဲ။ 


ဒါပေမဲ့အဲ့ဒီဖြစ်စဉ်တွေကို ပိတ်ဖို့အတွက်များသောအားဖြင့် computer အောက်က task bar လေးမှာ right click လေးနှိပ်လိုက်ပြီး Task Manager လေးကိုခေါ်ပြီး application တွေကို သတ်တာတွေရှိပါတယ်။

 အခုလည်း အဲ့ဒီ task manager လေးလိုပဲ အသုံးပြုလို့ကောင်းမဲ့ application တွေတော်တော်များများကိုဖော်ပြပေးစွမ်းနိုင်တဲ့ software လေးကို တင်ပေးလိုက်ပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင် task manager software လို့ပြောလို့ရပါတယ်။



အသုံးပြုရတဲ့ပုံလေးကတော့ ကျွန်တော်ပေးထားတဲ့ RAR file လေးကို download လုပ်လိုက်ပါ။ ပြီးသွားရင် RAR file လေးကိုဖြည်လိုက်ပြီး အထဲမှာပါတဲ့ EXE file လေးကို run လုက်တာနဲ့ ကျွန်တော်တို့ အသုံးပြုနေတဲ့ Task Manager ပုံစံမျိုးပဲ Run သွားပါလိမ့်မယ်။

 အဲ့ဒီအချိန်မှာ ကိုယ် ပိတ်ချင်တဲ့ process တွေကို right click နှိပ်ပြီး ကျလာတဲ့ pop up menu ထဲက kill process tree ဆိုတာကိုနှိပ်ပေးလိုက်ရင် process ကို ပိတ်ပြီးသားဖြစ်သွားပါလိမ့်မယ်။

ဒေါင်းလို့နိုင်ပါပြီး။။။။

အားလုံးအဆင်ပြေပါစေ.......။ 
ကိုနန္ဒ 

0 comments:

Post a Comment

Facebook Like ခြင်းဖြင့်ပို့ စ်အသစ်များအလွယ်တကူဖတ်နိုင်ပါပီ

မန်ဘာဝင်ခြင်းဖြင့် အားပေးကြပါ

အလည်လာရောက်သူများ

အဖတ်များဆုံး ပိုစ့်များ

 
Support : Your Link | Your Link | Your Link
Copyright © 2013. ကိုနန္ဒ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger