Latest Article Get our latest posts by subscribing this site

Facebook က Auto Play တဲ့ Videos တွေကို ဖုန်းကနေ ဒေါင်းနည်း

 
 
 
အခုနောက်ပိုင်း ဖုန်းရဲ့ Facebook Application တွေက Video Auto Play ပြဿနာကြောင့် FB က Video တွေ ဒေါင်းဖို့ အခက်တွေ့ နေကြပါတယ်။ ဒီနေ့တော့ ဒေါင်းလို့ရတဲ့ နည်းတခု ပုံနဲ့ သေခြာ ကျနော်ရှင်းပြပေးပါမယ်။ နည်းပညာသမားတော်တော် များများ တော့ ဒီနည်းကို သိကြပါတယ်။ ပြီးတော့ နိုင်ငံခြားဆိုဒ် တွေနဲ့ ဆိုဒ်တော်တော်များများက ပုံနဲ့သေခြာရှင်းထားတာ နည်းတော့ လေ့လာမှုအားနည်း သူတွေအတွက် အခက်တွေ့နေကြလို့ ဒီနည်းလေးရေးတင်ပေးလိုက်တာပါ။
 
Facebook သုံးသူတိုင်း FB က ကိုယ်ကြိုက်တဲ့ Video တွေ့ရင်တော့ လူတိုင်း ဒေါင်းချင်ကြတာပါ။ အခုကျနော်ရှင်းပြသွားတဲ့ နည်းကတော့ တိုက်ရိုက် ဒေါင်းလို့တော့ မရပါဘူး။ ကိုဒေါင်းချင်တဲ့ Video တွေ့ရင် Comment တခုပေးလိုက်ပါ။ ပြီးရင်တော့ မိမိ Profille ထဲဝင်ပြီးတော့ Activity Log ကနေ၀င်ပြီး စောစောက Comment ထားတဲ့ Video ကို လက်နဲ့ ထောက်လိုက်ရုံနဲ့ Download ကျလာမှာ ဖြစ်ပါတယ်။
 
အရင်ဆုံး Facebook က Video တွေကို ဒေါင်းဖို့ဆိုရင် ADM Download Manager ရှိထားရပါမယ်။ ADM က မိမိ ဖုန်းထဲမှာ မရှိသေးဘူးဆိုရင် ဒီလင့်မှာ ဒေါင်းပြီး ဖုန်းမှာ Install ထားပါ။ ပြီးရင်တော့ အောက်မှာ ပုံနှင့် တဆင့်ချင်း ရှင်းပြထားပါမယ်။
 
အရင်ဆုံး မိမိ ဒေါင်းချင်တဲ့ Video တွေ့ရင် နှစ်သက်ရာ Comment တခုပေးလိုက်ပါ။ အောက်က ပုံကို ကြည့်လိုက်ပါ။
 
 
 
 
 
 
 နောက်တဆင့်က မိမိ Profile ကို ပြန်သွားလိုက်ပါ။
 
 
 
 
 
 
 ပြီးရင် အ၀ိုင်းပြထားတဲ့ Activity Log ထဲကိုဝင်လိုက်ပါ။
 
 
 
 
 ပုံမှာ ပြထားတဲ့ အတိုင်း ခုနက Comment ကိုတွေ့ရပါမယ်။ အဲတာကို လက်နဲ့ ထောက်လိုက်ပါ။
 
 
 

ပုံမှာပြထားတဲ့ အတိုင်း ဘောက်တခုတတ်လာပါမယ်။ ADM ကို ရွေးပေးလိုက်ရင် ကို ဒေါင်းချင်တဲ့ Video က ဒေါင်းနေပါပြီ။
 
 
 

ဒီလောက်ဆို အားလုံးသဘောပေါက်လိမ့်မယ်ထင်ပါတယ်။ ဒီနည်းနဲ့ Facebook Video တွေကို စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ။
အားလုံးအဆင်ပြေပါစေ.......။ 
 
 

http://wwwkonanda.blogspot.com/

 

Photo Collage Max Pro 2.2.5.2 (မွေးနေ့ကဒ်, ဖိတ်စာ လိပ်စာ, ပိုစ်ကတ် နဲ့ ပြက္ခဒိန် ဒီဇိုင်းကဒ် လှလှလေးတွေ ဖန်တီးချင်တဲ့ သူငယ်ချင်းတွေအတွက်)

ဒီနေ့တင်ပေးလိုက်တဲ့ ဆော့ဝဲလ်လေး ကတော့ မွေးနေ့ကဒ်, ဖိတ်စာ လိပ်စာ, ပိုစ်ကတ် နဲ့ ပြက္ခဒိန် ဒီဇိုင်းကဒ် လှလှလေးတွေ ဖန်တီး လို့ရတဲ့ ဆော့ဝဲလ် လေးဖြစ်ပါတယ်။ မွေးနေ့ ကဒ် ဖန်တီးချင်တယ် ဆိုပြီး တောင်းလာလို့ ဒီနေ့ တင်ပေးလိုက်တာပါ။ တကယ်ကို လန်းတဲံ ဆော့ဝဲလေးပါ။ Screenshots ကို ကြည့်ရုံနဲ့ ဘယ်လောက်လန်းလည်းဆိုတာ သိနိုင်မှာပါ။
မွေးနေ့ကဒ် လုပ်ဖို့ Template လှလှလေးတွေ ၊ ဖိတ်စာကတ်အတွက် Template အလန်းလေးတွေ နဲ့  ပြက္ခဒိန် ၊ ဒီဇိုင်းကဒ် တွေ စိတ်ကြိုက် ဖန်တီးနိုင်ဖို့ Template အလန်းလေးတွေ ဒီဆော့ဝဲလ် ထဲမှာ စုံလင်စွာ ပါ ပါတယ်။ Photo Collage လုပ်ဖို့အတွက်လည်း ဒီဇိုင်းအလန်းတွေ ပါဝင်ပါတယ်။ Photo Editting ပိုင်းကို လေ့လာလိုက်စားတဲ့ ၀ါဒနာရှင်သူငယ်ချင်းတွေ ဒီဆော့ဝဲလ် လေး ဆောင်ထားသင့်တယ်။
အခုတင်ပေးလိုက်တာကတော့ ကွန်ပြူတာအတွက်ပါနော်။ Full Version သုံးရအောင် Key ပါတင်ပေး ထားပါတယ်။ မူရင်းဆိုဒ် မှာ $29.95 ပေးဝယ်ရပါတယ်။ အခုကျနော့်ဆိုဒ်မှာ Free ဒေါင်းပြီး Pro အဖြစ် အသုံးပြုနိုင်ပါပြီ။ ဆော့ဝဲလ်ကို ဒေါင်းပြီး Install ပြီးတာနဲ့ Text ဖိုင်ထဲက ပေးထားတဲ့ Key တခုခု ကို ယူပြီး Activated လုပ်ပါ.။ ပြီးတာနဲ့ Pro အဖြစ်အသုံးပြုနိုင်ပါပြီ။

စိတ်ဝင်စားရင် အောက်က လင့်မှာ စိတ်ကြိုက် ဒေါင်းယူနိုင်ပါပြီ။

Photo Collage Max Pro
Version: 2.2.5.2
Size: 33.9 MB
Date: Dec 24, 2013
Platform: Windows 2000/XP/Vista/7/8 (32-bit and 64-bit)

Download Photo Collage Max Pro 2.2.5.2

App Screenshots







 
အားလုံးအဆင်ပြေပါစေ.......။ 
ကိုနန္ဒ

Wondershare MobileGo for Android 4.2.0 For Win 8/7/XP/2003/Vista (ဖုန်းနှင့် ကွန်ပြုတာ ကို ချိတ်ဆက်နိုင်တဲ့ Suite လေးဖြစ်ပါတယ်)

Wondershare MobileGo အသုံးပြုတဲ့ သူငယ်ချင်းအတွက် Update လေးပါ Android ဖုန်း ၊ Tablet တွေကိုဆော့ဝဲသွင်းခြင်း ၊ သီချင်းသွင်းခြင်း ၊ ဓာတ်ပုံထည့်ခြင်း ၊ Ringtone ထည့်ခြင်း ၊ Android ဖုန်းထဲက ဆော့ဝဲတွေ ၊ ဖုန်း Contact တွေကို backup ပြန်လည်ရယူခြင်း စတဲ့ features တွေကို မိမိရဲ့ကွန်ပျူတာကနေအလွယ်တကူပြုလုပ်နိုင်မယ့် ဆော့ဝဲလေးဖြစ်ပါတယ်။
 ဖုန်းနဲ့ USB ကြိုး ချိတ်ဆက်ပြီး အသုံးပြုနိုင်ပါတယ်။ နောက်တနည်းကတော့ ဖုန်းထဲကို Wondershare MobileGo.apk လေး Install ပြီး ကြိုးမဲ့ ဖြစ် Wifi ချိတ်ပြီး ဖုန်းရဲ့ PC Suite အဖြစ် အသုံးပြုနိုင်ပါတယ်။ ဖုန်းအတွက်ဆော့ဝဲကိုတော့ ဒီလင့်မှာ ဒေါင်းနိုင်ပါပြီ။
ကွန်ပြူတာအတွက် Wondershare MobileGo ကတော့ ဒီအောက်မှာဒေါင်းလိုက်ပါ။
ပြီးရင် Licenses (Full Version) ဖြစ်အောင် အောက်မှာပေးထားတဲ့ Patch ဖိုင်ကို ဒေါင်းပါ။ ပြီးရင် Antivirus ကို ခနပိတ်ထားလိုက်ပါ။ 
Wondershare MobileGo ကို ကွန်ပြူတာမှာ Install လုပ်ပါ။ ပြီးရင် ဆော့ဝဲလ်ကိုမဖွင့်ပဲ Patch ဖိုင်ထဲက Patch.exe ကို ဖွင့်လိုက်ပါ။ ပြီးရင် C:Program FilesWondershareMobileGo for Android အထိ သွားပြီးတော့ WUL.Core.dll ကိုကလစ်ပြီး Ok နှိပါပေးပါ။ ပြီးရင်တော့ Full Version အသုံးပြုနိုင်ပါပြီ။ Fb က သူငယ်ချင်းတယောက် တောင်းထားလို့ တင်ပေးလိုက်တာပါ။
အားလုံးအဆင်ပြေပါစေ.......။ 
 
ကိုနန္ဒ

ပြုလုပ်ပြီးသား new facebook အကောင့် ကို locked မဖြစ်အောင် ကြာရှည်ခံအောင် လုပ်နည်။


-နှစ်သက်ရာ နည်းစနစ်ဖြင့် ဖေ့ဘုတ်အကောင့်န်သစ်တစ်ခုကိုစလုပ်ပါ-
-နာမည်ကို eng: အမည်နဲ့စလုပ်ပါ။ သူဖြည့်ခိုင်းတဲ့ city တို့၊country တို့၊ school တို့၊ bunish တို့ကို eng: လိပ်စာနာမည်ပဲဖြည့်ထားပေးလိုက်ပါ။ (လောလောဆယ်ပေါ့၊နောက်မှပြန်ပြောင်းယူလို့ရပါတယ်)-
-step by step တွေပြီးရင် profile နှစ်သက်ရာတင်ပါ-
-friend request 10 ယောက်တိတိကို အခြားပြည်ပနိုင်ငံမှအမည်များကိုရှာ add လိုက်ပါ-
-ပြီးရင် post သုံးခုတင်ရပါမယ်။အဲ့ဒိတင်မယ့် ပို့စ်သုံးခုစလုံးဟာ၊ပုံတွေကို အခြားပြည်ပနိုင်ငံများမှ ပုံတွေ ပဲဖြစ် ရ မှာပါ။ ရှုခငိးပုံတို့၊တခြား community ပုံတွေလည်းရပါတယ်။ညစ်ညမ်းပုံများမရပါ။ ပုံနဲ့တကွ စာ နှစ်ကြောင်းလောက်ကို (ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ်ပါ့) အင်္ဂလိပ်လိုနည်းနည်းပါးပါးရေးလိုက်ပြီး၊ ပုံနဲ့တွဲတင်ပါ။ posts 3 ခုလောက်ပေါ့-
-ပြီးရင်ဘာမှဆက်မလုပ်နဲ့တော့။ ပြန်ထွက် လိုက်ပါ (သို့) logout လုပ်ထားပါ-
-တစ်ပတ်(၇ ရက်တိတိအထိ၊အဲ့ဒိအကောင့်န် အသစ်ကို လုံးဝမသုံးပါနဲ့/ မဖွင့်ပါနဲ့-
-တစ်ပတ်(၇ ရက်ပြည့်တဲ့)နေ့မှာ login ပြန်ဝင်ပြီး၊အကောင့်န်သစ်ကို စတင်ပြီးအသုံး ပြုနိုင်ပါပြီ။ friend request တောင်းထားတာ တွေလက်ခံပေးလို့ရပြီ။ friend request တွေ add လို့ရပါပြီ။ add လုပ်ရာတွင် တစ်နေ့ ၁၀ ယောက်ခန့်သာ add ပါ။ profile name ကိုလည်း နှစ်သက်ရာနာမည် (မြန်မာလိုအပါအဝင်) ကြိုက်ရာပြန်ပြောင်းနိုင်ပါသည်။ အခြား ဖြည့်ခဲ့တဲ့ မြို့တို့၊နေရာတို့၊ကျောင်းတို့်၊work တို့ကိုလည်း မိမိနှစ် သက် ရာပြန်ပြင်နိုင်ပါပြီ-
-အကောင့်န်သစ် စလုပ်ချိန်သည် လိုင်းကောင်းနေချိန်ဖြစ် ဖို့လိုပါသည်။ မနက် ငါးနာရီ နဲ့ခြောက် နာရီကြား သည် လိုင်းအကောင်းဆုံးဖြစ်သည်။ ကျန်တဲ့အချိန် တွေကတော့သိတဲ့အတိုင်းပေါ့ တပိန်ပိန် တလိမ်လိမ်ပေါ်ပျောက်ပြုတ်ထွက် လိုင်းပေါ့လေ။ အဲ့ဒိတော့ မနက်စောစော ၅/၆ နာရီလောက်မှာ စလုပ်စေ ချင်ပါတယ်-
-ကျနော်အပေါ်ကပြောထားတဲ့နည်းအတိုင်း တိတိကျကျလုပ်ဆောင်မယ်ဆိုရင်၊ အဲ့ဒိအကောင့်န်သစ်ဟာ ကြာရှည်စွာအသုံးပြု လို့ရလာပါလိမ့်မယ်ဗျာ- အဆင်ပြေ ပါစေ။

Creadit ~ ကိုဇော်သွင်(နည်းပညာ)


အားလုံးအဆင်ပြေပါစေ.......။ 
 
ကိုနန္ဒ

Face Switch v2.0 For Android (ဓါတ်ပုံတွေကို မျက်နှင်ပြောင်း နိုင်တဲ့ ဆော့ဝဲလ်လေး ဖြစ်ပါတယ်။)

ဒီနေ့ သူငယ်ချင်းများကို ဆော့ဝဲလ် တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရိုက်ထားတဲ့ ပုံတွေ ရဲ့ မျက်နှာ ကို ပြောင်းလို့ ရတဲ့ ဆော့ဝဲလ်လေး ပါ။ တော်တော်လေး လန်းတယ်ဗျ။ သူငယ်ချင်းတွေ ပုံကို လှန်းနောက် လို့ ရတယ်။ ကောင်လေးမျက်နှာ ကို ကောင်မလေးမျက်နှာဖြစ်အောင် လိုသလိုပြောင်းလို့ ရပါတယ်။ အရမ်းကို လန်းပါတယ်။ ပြထားတဲ့ Screenshots ကိုကြည့်ရုံနဲ့ သိနိုင်မှာပါ။
သူငယ်ချင်းတွေ ပုံကိုလှန်းနောက်လို့ရတာပေါ့။ ဒါနဲ့ အနော့ပုံကိုတော့ လုပ်လိုက်ပါနဲ့နော် :P ။ သုံးရတာ လွယ်သောကြောင့် နည်းမရေးတော့ဘူးနော်။ နောက်ဆုံး ထွက် Version ဖြစ်တဲ့ v2.0 ကိုတင်ပေးလိုက် တာပါ။ Andriod Version 2.2 အထက်တွေမှာ အသုံးပြုနိုင်ပါတယ်။ သူငယ်ချင်းတွေကို ဘရုပ် ကျချင်တဲ့ သူတွေ ဒီအောက်ကလင့်မှာ ဆော့ဝဲလ် လေးကို စိတ်ကြိုက် ဒေါင်းနိုင်ပါပြီ။
App Screenshots
Face Switch - screenshot thumbnailFace Switch - screenshot thumbnailFace Switch - screenshot thumbnailFace Switch - screenshot thumbnailFace Switch - screenshot thumbnail
အားလုံးအဆင်ပြေပါစေ.......။ 
 
ကိုနန္ဒ

Photo Studio PRO v 1.0.16 For Android (ဓါတ်ပုံပြင်တဲ့ ဆော့ဝဲကောင်းလေးတခု)

 Android phone ကိုင်ဆောင်သူတွေ အတွက် ဒီဇင်ဘာလ25ရက်၊၂၀၁၃ ထွက်လေး photo studio pro v 1.0.16 နောက်ဆုံးဗားရှင်းလေးတင်ပေးလိုက်ပါတယ်..။။
  တူမယောင်နဲ့ကွဲ၊ ဆင်မယောင်နဲ့ လွဲ” ဆိုသလို photo editing လုပ်လို့ရတဲ့ဆော့ဝဲလ်တွေ အများအပြားရှိပါတယ်..အားလုံးဟာ အသုံးပြုရတာကောင်းမွန်လွယ်ကူတာကိုတွေ့ရမှာပါ..Android phone ကိုင်ဆောင်ပြီး ဓာတ်ပုံတွေကို ပြင်ဆင်တတ်သူတွေ အတွက် ဆောင်ထားသင့်တဲ့ဆော့ဝဲလ်လေးဖြစ်ပါတယ်..Frame လှလှလေးတွေ နဲ့ မိမိရဲ့ပုံကို တန်ဆာဆင်နိုင်သလို effects ပေါင်းမြောက်မြားစွာနဲ့စိတ်ကြိုက်ပြင်ဆင်နိုင်မယ့် editing tool လေးဖြစ်ပါတယ်..။။
Google play မှာ 3.99 ဒေါ်လာပါ အပေါ် မှာသူ့ဈေးပါ။။
ဒီမှာတော့ Free ပေါ့ နော်..။။


                                                                    
              Download Link                                 
                                                                    






အားလုံးအဆင်ပြေကြပါစေ......
ကိုနန္ဒ 
 

XnRetro Pro v 1.60 For Android (Camera Crazy တွေအတွက် တန်ဖိုး ရှိလှတဲ့ Camera လေး)


ဓာတ်ပုံတစ်ပုံကို အလင်းအမှောင်ချိန်ညှိပြီး frames /effect အမြောက်အများထည့်ကာ အံမခန်းဖြစ်အောင်လွယ်လွယ်ကူကူပဲပြင်ဆင်တည်းဖြတ်နိုင်မယ့် ဆော့ဝဲလ်လေးဖြစ်ပါတယ် ..ဒီဆော့ဝဲလ်လေးမှာ ပါဝင်တဲ့၊ပြင်ဆင်နိုင်မယ့် features များကတော့

* မတူကွဲပြားခြားနားတဲ့ color အရောင် effect တွေ

*မတူကွဲပြားခြားနားတဲ့ Frame borders

*အလင်းအမှောင် ချိန်ညှိပေးနိုင်တာ

*အလင်းအမှောင်လျှော့ချပေးနိုင်တာ

*ပြင်ဆင်မယ်ပုံကို စရွေးကတည်းက Size ကို Cropping လုပ်နိုင်တာ

*မိမိရဲ့ Gallery မှာသိမ်းထားနိုင်တာအပြင်..စတာတွေကို အသုံးပြုပြီး ထုဆစ်ပုံဖော်နိုင်မှာဖြစ်ပါတယ် ..

ပြင်ဆင်ပြီးပါက..သင့်ရဲ့သူငယ်ချင်းမိတ်ဆွေ အပေါင်းတွေ၊instagram,twitter,facebook တွေကို Shareဲပီး ကြွားလုံးထုတ်နိုင်ပါသေးတယ် ..အခုအသစ်ထွက်ဗား၇ှင်းလေးမှာ Save&share အခက်ခဲဖြစ်မှုကို ပြင်ဆင်ပေးထားပြီး ပုံကို Save မယ်ဆိုပါက မိမိကြိုက်နှစ်သက်တဲ့ Size အရွယ်အစားကို ရွေးပေးနိုင်တာကြောင့် သုံးစွဲရအဆင်ပြေစေမှာပါ..

ဒီဆော့ဝဲလ်လေးကို google play မှာဆိုရင် 0.83 ဒေါ်လာပေးဝယ်ယူအသုံးပြုရမှာဖြစ်ပြီး။။
ဒီမှာတော့ Free ရနိုင်ပါသည်။။။


 
                                                                    
              Download Link                                 
                                                                    









အားလုံးအဆင်ပြေကြပါစေ.....
ကိုနန္ဒ

Facebook Like ခြင်းဖြင့်ပို့ စ်အသစ်များအလွယ်တကူဖတ်နိုင်ပါပီ

မန်ဘာဝင်ခြင်းဖြင့် အားပေးကြပါ

အလည်လာရောက်သူများ

အဖတ်များဆုံး ပိုစ့်များ

 
Support : Your Link | Your Link | Your Link
Copyright © 2013. ကိုနန္ဒ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger