ကဗျာ

အွန်လိုင်းပေါ်က သူငယ်ချင်း လရောင်ခြည် ရေးစပ်ထားသော အချစ်ကဗျာ


" အတူရှိခွင့် "

တကယ်လို့ များ  နင်နဲ့  ငါ
အတူရှိခွင့် ရမယ်ဆိုရင် ......
မမြင်တာကြာလို့ တမ်းတခဲ့ ရတဲ့ နင့်မျက်နှာလေးကို
ငတ်မွတ်စွာ တ၀ကြီးငေးကြည့် ကို ရချင်မိတယ်ချစ်သူရယ်........
အတူရှိခွင့် ရမယ်ဆိုရင်လေ........

ဝေးကွာဆုံးရှူံးလို့  နာကျင်အဆိပ်တက်ခဲ့ရတဲ့
ငါ့...နှလုံးသားလေးကို နင့်ရဲ့ အေးမြတဲ့အချစ်တွေနဲ့ ........
ဖြည့်ဆည်းအားပေးမှူကို ရချင်မိပါတယ် ချစ်သူရယ်..........
အတူရှိခွင့် ရမယ်ဆိုရင်လေ.......

မ၀ံ့ရဲ တဲ့ ဘ၀မို့  ပြောမထွက်ခဲ့တဲ့ မျိုသိပ်စကားလေးတွေကို
နင့်ကို ဖွင့်ပြောခွင့် ရချင်မိပါတယ် ချစ်သူရယ်.....
ဒါပေမယ့် နင်က ငါ့ကို တသက်တာ အလွမ်းတွေနဲ့ ....
တစ်ဘ၀စာ ချန်ထားတော့မှာမို့ ...
စိတ်ကူးထဲမှာသာ နင်နဲ့ ငါ...

အတူရှိခွင့် ရမယ်ဆိုရင်.......
   အတူရှိခွင့် ရမယ်ဆိုရင်.......
         အတူရှိခွင့် ရမယ်ဆိုရင်........                                                   

      လရောင်ခြည်

0 comments:

Post a Comment

Facebook Like ခြင်းဖြင့်ပို့ စ်အသစ်များအလွယ်တကူဖတ်နိုင်ပါပီ

မန်ဘာဝင်ခြင်းဖြင့် အားပေးကြပါ

အလည်လာရောက်သူများ

အဖတ်များဆုံး ပိုစ့်များ

 
Support : Your Link | Your Link | Your Link
Copyright © 2013. ကိုနန္ဒ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger