Home » , » ဖုန်း Android Appများ ကို ကွန်ပျူတာတွင် အသုံးပြုရန် နည်းလမ်း

ဖုန်း Android Appများ ကို ကွန်ပျူတာတွင် အသုံးပြုရန် နည်းလမ်း

 
Android ဖုန်းပေါ်က Application တွေကို Window ပေါ်မှာ အသုံးပြုနိုင်အောင် ထောက် ပံ့ပေး တဲ့ ဆောဖ့်ဝဲနဲ့ နည်းလမ်းပေါင်း မြောက် များစွာ ရှိပါတယ်။ ယင်းနည်းလမ်းပေါင်းမြောက် များစွာထဲက Android ကို PC ( Windows , Mac) များမှာ အသုံးပြုရန် လွယ်ကူသော နည်းလမ်း နဲ့ ဆောဖ့်ဝဲကို မျှဝေပေး လိုက်ရပါတယ်။ သူက ကွန်ပြူတာပေါ်မှာ viber အသုံးပြုဖို့တို့ ဂိမ်း တွေ ကိုဆော့လို့ရတဲ့ ဆောဝဲလေးဖြစ်ပါတယ်...။

အောက်ဖော်ပြ ပါလင့်ကနေ Software ကို ဒေါင်းလုပ်ရပါမယ်။
 
 
Windows OS ကွန်ပျူတာသများက PC ဆိုတာကို ရွေးချယ်ပြီး Apple user များကတော့ Mac ကိုရွေး ချယ်ရမှာ ဖြစ်ပါတယ်။ Software ကို Download ဆွဲရန် App ကတော့ ယူတာမကြာပါဘူး။ သို့ပေမယ့် ယင်းဆော့ဖ်ဝဲကို Run လုပ်ပြီး Install လုပ်တာတော့ ကော်နက်ရှင်အထိုက်အလျာက်ကြာနိုင်ပါတယ်။ စာရေးသူကတော့ ၅ မိနစ်စောင့်လိုက်ရပါတယ်။

Install လုပ်ပြီးပြီဆိုရင်တော့ သာမန် Android ဖုန်းတစ်လုံးအသုံးပြုသလို အသုံးပြုလို့ ရပါပြီ။ ဥပမာ- Facebook အသုံးပြုခြင်း၊ Android Application များ ဒေါင်းလုခ်ဆွဲ အသုံးပြုခြင်း တို့လိုမျိုး ဖြစ်ပါတယ်။ Offline အသုံးပြုချင် သူများကတော့ App တွေကို တစ်ခါတည်းဒေါင်းလုခ် ဆွဲသွားရ ပါမယ်။

သူကအလကားပေးတဲ့ Software ဖြစ်တဲ့အတွက် တစ်ခါခါ ကြော်ငြာဝင်တာကလွဲလို့ သုံးရတာ အဆင်ပြေပါတယ်။ စာဖတ်သူတို့ စမ်းသုံးလို့ရအောင် မျှဝေပေးလိုက်ရပါတယ်။

စာဖတ်သူတို့ဆီမှာ ဒီထက်ပိုကောင်းတဲ့ ဆော့ဖ်ဝဲနှင့် နည်းလမ်းများ ရှိပါက မျှဝေပေးစေလိုပါသေး တယ်။

0 comments:

Post a Comment

Facebook Like ခြင်းဖြင့်ပို့ စ်အသစ်များအလွယ်တကူဖတ်နိုင်ပါပီ

မန်ဘာဝင်ခြင်းဖြင့် အားပေးကြပါ

အလည်လာရောက်သူများ

အဖတ်များဆုံး ပိုစ့်များ

 
Support : Your Link | Your Link | Your Link
Copyright © 2013. ကိုနန္ဒ - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger